ပြည်ထောင်စုနယ်မြေ(နေပြည်တော်)ရှိ လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများ အလုပ်သမား ဥပဒေပါ ရပိုင်ခွင့်များရရှိစေရေးနှင့် လုပ်ငန်းခွင်မပျက် လုပ်ငန်းလည်ပတ်နိုင်စေရန် အထူးကု ဆရာဝန်ကြီးများပါဝင်သော ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက်ကွင်းဆင်းဆေးကုသမှု များ ဆောင်ရွက်ပေး
နေပြည်တော် စက်တင်ဘာ ၁၉ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများဖြစ်သည့် ပျဉ်းမနားသကြားစက်ရုံတာဝန်ရှိသူများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်…

