အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ နည်းပညာအထောက်အကူပြုရုံး (ရန်ကုန်) နှင့် အလုပ်သမားဆေးရုံ(ထန်းတပင်)၌ ကျောက်ကပ်သွေးသန့်စင်ဆေးကြောသည့် ဝန်ဆောင်မှုတိုးချဲ့ဆောင်ရွက်နိုင်ရေး ကျောက်ကပ် သန့်စင်စက်တပ်ဆင်ပြီးစီးမှုနှင့် စမ်းသပ်လည်ပတ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ရန်ကုန် စက်တင်ဘာ ၂၇ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ အမှတ်(၂၇)၊ အာနန္ဒာ ဘုရားလမ်းနှင့် မေဃဝတီကျောင်းလမ်းထောင့်၊…

