နေပြည်တော် နိုဝင်ဘာ ၅ ရက်
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်သည် ရန်ကုန်မြို့မှ အပြည် ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံး၏ Chief of Mission Mr.Daihei Mochizukiနှင့် တာဝန်ရှိများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံအစိုးရများနည်းတူ ရွှေ့ပြောင်း အလုပ်သမားကိစ္စရပ်များတွင် IOM နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ IOM နှင့် ဝန်ကြီးဌာနအကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ မျှော်မှန်းချက်များထားရှိ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့တွင် မြန်မာအလုပ်သမားအများဆုံး သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပြီး ၎င်းတို့၏ ရပိုင်ခွင့်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Idenity-CI) ထုတ်ပေး၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာဌာနများမှ ဝန်ထမ်း များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စက်ရုံ၊အလုပ်ရုံများ၏ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထား၍ ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများကို ဘေးကင်းလုံခြုံပြီး ပုံမှန်စနစ်တကျရှိသော ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရေး၊ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ နေရပ်ပြန်မြန်မာလုပ်သားများအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများပေးအပ်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုကို ကာကွယ်တားဆီးနိုင်ရေး၊ မြန်မာရွှေ့ ပြောင်းလုပ်သားများကို အထောက်အထားထုတ်ပေးရာတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ IOM မြန်မာရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

