အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Month: ဩဂုတ် 2012

EPS စနစ်အရ ကိုရီးယားသမ္မတနိုင်ငံသို့ အထွေထွေလုပ်သားများအဖြစ်သွားရောက် အလုပ်လုပ်ကိုင် မည့်သူများ နှင့် အများပြည်သူသိရှိရန်

Employment Permit System (EPS)  စနစ် အရ ကိုရီးယားသမ္မတနိုင်ငံ သို့ အထွေထွေလုပ်သားများ အဖြစ် သွားရောက် အလုပ်လုပ်ကိုင်မည့်သူများ နှင့်  အများပြည်သူ သိရှိရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားပါသည်- EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့…

အငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီ သို့ဆက်သွယ်ရန်လိပ်စာ

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးနှင့်ပတ်သက်၍ ခုံသမာဓိကောင်စီ သို့ဆက်သွယ်ရန်လိပ်စာ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ခုံသမာဓိကောင်စီ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော် ဖုန်း – ၀၆၇-၄၃၀၁၄၅ ၊ ဖက်စ် – ၀၆၇-၄၃၀၁၄၇ e-mail – arbitrationcouncil.mm@gmail.com

အလုပ်သမားဥပဒေများဆိုင်ရာအသိအမြင်တိုးမြှင့်ရေး ဆွေးနွေးပွဲကျင်းပခြင်း (ထားဝယ်မြို့)

အလုပ်သမားဝန်ကြီးဌာန၊  အလုပ်သမားဥပဒေများဆိုင်ရာ အသိအမြင်တိုးမြှင့်ရေး ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ (၁၄းဝ၀)နာရီမှ (၁၆းဝ၀)နာရီအထိ ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေ အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန…

စတုတ္ထအကြိမ် EPS-TOPIK စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်း

စတုတ္ထအကြိမ် EPS-TOPIK စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများအနက် ၁၁-၈-၂၀၁၂ မှ ၁၅-၈-၂၀၁၂ ရက်နေ့ထိ အခြေခံကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း ခံယူခဲ့သူများ၏ အောင်စာရင်း အား အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထုတ်ပြန်ထားပါသည် – – – [download id=”71″]

အလုပ်သမားအရာရှိမှ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်မြန်မာအလုပ်သမား သေဆုံးမှုအတွက်အကျိုး ခံစားခွင့်များ ဆောင်ရွက်ပေးခြင်း

၁၄.၈.၂၀၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဖလန်းဆောင်ဒေသရှိ Hirikij Laoha Co.,Ltd ပိုင်ဆိုင်သော ခဲရည်ကျိုစက်ရုံ၌(ဝ၄းဝဝ)နာရီတွင် ညဆိုင်းဆင်းနေသောမောင်တင်မြင့်ဦး(ခ)နိုင်ဖုန်းငယ်(၃၅)နှစ် (ကရင်ပြည်နယ်၊ လှိုင်းဘွဲ့နေသူ)နှင့် မောင်စောနုနု(ခ)နိုင်တိုချေ(၂၀)နှစ် (ကရင်ပြည်နယ်နေသူ) အလုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့ကြောင်း၊၄င်းတို့နှစ်ဦးစက်ရုံအတွင်းဒဏ်ရာများဖြင့်လဲနေသည်ကို မြန်မာအလုပ်သမားကိုဘုန်းသာအောင် ဆိုသူအလုပ်လာစဉ်မြင်တွေ့ရ၍ဆေးရုံသို့တင်ပို့ခဲ့ကြောင်း၊ဆေးရုံသို့အရောက်တွင်…

စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀-၈-၂၀၁၂ ရက်နေ့ (၀၉း၃၀)နာရီတွင် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များ၊နိုင်ငံခြားရေး ဝန်ကြီးဌာနမှကိုယ်စားလှယ်၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှကိုယ်စားလှယ်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မှကိုယ်စားလှယ်များနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန…

အဓမ္မခိုင်းစေမှုပပျောက်ရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခြင်း (အောင်လံမြို့နယ်)

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာနားလည်မှုစာချွန်လွှာကို (၁၆-၃-၂၀၁၂)ရက်နေ့တွင် မြန်မာနိုင်ငံနှင်‌့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)တို့ နှစ်ဖက်လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ရေးဆွဲထားသည်‌့ လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှုပပျောက်ရေး ရှင်းလင်းဆွေးနွေး ပွဲကို(၁၉-၈-၂၀၁၂)ရက်နေ့…

အဓမ္မခိုင်းစေမှုပပျောက်ရေးရှင်းလင်းဆွေးနွေးပွဲကျင်းပ (နေပြည်တော်)

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ အဓမ္မခိုင်းစေမှု လုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာ နားလည်မှုစာချွန်လွှာကို (၁၆.၃.၂၀၁၂) ရက်နေ့တွင် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)တို့ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားဝန်ကြီးဌာနနှင့်…

နိုင်ငံခြားသားအလုပ်သမားဆိုင်ရာဥပဒေ(မူကြမ်း)ဆွေးနွေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော် သြဂုတ် ၁၆ အလုပ်သမားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ရေးဆွဲလျက်ရှိသည့် နိုင်ငံခြားသားအလုပ်သမား ဆိုင်ရာ ဥပဒေ(မူကြမ်း)ဆွေးနွေးညှိနှိုင်းအစည်းအဝေးအား နေပြည်တော်ရုံးအမှတ်(၅၁)အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ၂၀၁၂ ခုနှစ် သြဂုတ်လ(၁၆)ရက်နေ့ နံနက်(ဝ၉းဝဝ)နာရီတွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး…