မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ အဓမ္မခိုင်းစေမှုလုံးဝပပျောက်ရေး ပူးတွဲမဟာဗျူဟာနားလည်မှုစာချွန်လွှာကို (၁၆-၃-၂၀၁၂)ရက်နေ့တွင် မြန်မာနိုင်ငံနှင်‌့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)တို့ နှစ်ဖက်လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ရေးဆွဲထားသည်‌့ လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှုပပျောက်ရေး ရှင်းလင်းဆွေးနွေး ပွဲကို(၁၉-၈-၂၀၁၂)ရက်နေ့ (၁ဝး၄၀)နာရီတွင်ILOဆက်သွယ်ရေးအရာရှိမှအောင်လံမြို့နယ် ရွှေပန်းတောကြီး ကျေးရွာ၌ပြုလုပ်ခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊တောင်သူများစုစုပေါင်း(၄၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ ထိုနေ့(၁၆း၃၀)နာရီတွင် အလုပ်သမားဝန်ကြီးဌာန နှင်‌့ ILO တို့ပူးတွဲ၍ အောင်လံမြို့နယ်၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမ၌ အဓမ္မခိုင်းစေမှုပပျောက်ရေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြေစာရင်းဦးစီးဌာန၊ အမှတ်(၅)သကြားစက်၊ အမှတ်(၆)သကြားစက်၊ အမှတ်(၁၅) ကာကွယ်ရေးပစ္စည်းစက်ရုံတို့မှတာဝန်ရှိသူများ၊ မြို့နယ်အဆင်‌့ဌာနဆိုင်ရာများ စုစုပေါင်း(၉၀)ဦး တက် ရောက်ခဲ့ကြပါသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင်‌့ ILO ဆက်သွယ်ရေးအရာရှိ တို့သည် ILO နှင်‌့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု အ‌ခြေအနေများ၊ ၂၀၁၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင်‌့ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အဓမ္မခိုင်းစေမှုပပျောက်ရေး ရှင်းလင်းဆွေးနွေးပွဲ(အောင်လံမြို့) အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားစဉ်

အဓမ္မခိုင်းစေမှုပပျောက်ရေး ရှင်းလင်းဆွေးနွေးပွဲ(အောင်လံမြို့) အခမ်းအနားတက်ရောက်လာကြသူများ