အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀-၈-၂၀၁၂ ရက်နေ့ (၀၉း၃၀)နာရီတွင် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များ၊နိုင်ငံခြားရေး ဝန်ကြီးဌာနမှကိုယ်စားလှယ်၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှကိုယ်စားလှယ်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မှကိုယ်စားလှယ်များနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့မှူး တို့တက်ရောက် ခဲ့ကြပြီး အစည်းအဝေး၌ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားညှိနှိုင်းအစည်းအဝေးကိစ္စနှင့် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအဖွဲ့(၆)ဖွဲ့ နှင့် နယ်စပ်စခန်း(၃)ခုအား လာမည့်စက်တင်ဘာလကုန်တွင် ပြန်လည်ခေါ်ယူခြင်းနှင့် အသစ်စေလွှတ်ခြင်းကိစ္စများ ဆောင်ရွက်ရန်နှင့်ပတ်သက်၍ လည်းကောင်း၊ ငွေစာရင်းရှင်းတမ်းများနှင့် ငွေပေးချေမှုအခြေအနေများအားလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။