Month: ဩဂုတ် 2012

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးအား American Chamber of Commerce in Singapore မှ စီးပွားရေးလုပ်ငန်း ဦးဆောင်ပုဂ္ဂိုလ်များပါဝင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ

သြဂုတ်လ ၁၅ ရက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်သိန်း အား စင်္ကာပူနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် Mr. David Adelman ဦးဆောင်သည့် American Chamber of Commerce in Singapore မှ စီးပွားရေးလုပ်ငန်း ဦးဆောင်ပုဂ္ဂိုလ်(၂၀)ဦးပါဝင်သည့်…

အလုပ်သမားဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမြင့်သိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအလုပ်သမားများ ၏လူမှုဖူလုံရေးအဖွဲ့သို့ရန်ပုံငွေထည့်ဝင်ပြီး လူမှုဖူလုံရေးခံစားခွင့်နှင့်ပတ်သက်၍ မေးမြန်းချက်အား ပြန်လည် ရှင်းလင်း ဖြေကြားခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား- ကျွန်တော်ကတော့ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမြင့်သိန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်း၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်ရုံများ အလုပ်ဌာနများ၊ ကုမ္ပဏီများ၊ စူပါမားကတ်များအတွင်းရှိ အလုပ်သမားများသည်…

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ဒေါ်စိုးစိုးကြူ သေနတ်ဖြင့်ပစ်သတ်ခံရခြင်းအမှုနှင့်ပတ်သက် ၍ ဆောင်ရွက်ထားရှိမှု အခြေအနေ

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော ဒေါ်စိုးစိုးကြူသည်(၃၀.၃.၂၀၁၂)ရက်နေ့တွင် သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံး သွားခဲ့ပါသည်။ အဆိုပါသေဆုံးခဲ့မှုအား မြန်မာနိုင်ငံ၊ အလုပ် သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ထိုင်းနိုင်ငံရှိ အလုပ်သမားအရာရှိသည် အခြားဝန်ကြီး ဌာနများ၏ အကူအညီရယူ၍ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘူရီရဲစခန်းတွင်…

ထိုင်းနိုင်ငံ Nakhon Phathom တွင် မြန်မာအလုပ်သမား မစန်းစန်းဝင်း သေဆုံးခြင်းနှင့် ပတ်သက်၍ အလုပ်သမားအရာရှိမှ ဆောင်ရွက်ပေးမှုအခြေအနေ

ထိုင်းနိုင်ငံရောက် အလုပ်သမားများအား အလုပ်သမားအရာရှိမှ ကာကွယ်ဆောင် ရွက်ပေးလျက်ရှိရာ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား မစန်းစန်းဝင်းသည် တိုက်၏ အနောက်ဘက်သို့ ပစ်ချခံခဲ့၍ သေဆုံးသွားခဲ့ကြောင်း သိရှိရ ပါသည်။ ဖြစ်စဉ်မှာ မစန်းစန်းဝင်းသည် (၂.၈.၂၀၁၂) ရက်နေ့ နေ့လည်…

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် “ခုံသမာဓိကောင်စီဝင်များနှင့်တွေ့ဆုံ”

၁၃-၈-၂၀၁၂ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် သည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ ့တွင် ကျင်းပခဲ့သာ ပြည်ထောင်စုအစိုးရ အဖွဲ ့အစည်းအဝေး သဘောတူခွင့်ပြု ချက်ဖြင့့််ဖွဲ ့စည်းခဲ့သည့် ခုံသမာဓိကောင်စီ အဖွဲ့အား…

လူမှုဖူလုံရေးအဖွဲ့ တွင် အာမခံအကျုံးဝင်မှသာ စက်ရုံ၊ အလုပ်ရုံးများ၏ လုပ်ငန်းလိုင်စင်များ သက်တမ်း တိုးမြှင့်ပေးခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများ အားလုံးအတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှုများ ဆောင်ရွက်ရာတွင် လူမှုဖူလုံရေး အဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အထောက်အထားကို တင်ပြသွားရမှသာ လုပ်ငန်းလိုင်စင်သက်တမ်းတိုးမှုဆောင်ရွက်ပေးသွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၇/၂၀၁၂) ချက်အရ ၁၆-၇-၂၀၁၂…

စက်မှုလုပ်ငန်းခွင် ဆက်ဆံရေးစနစ် တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview Hotel တွင် (၈-၈-၂၀၁၂) ရက်နေ့ နံနက်(၁ဝးဝဝ)နာရီအချိန်တွင် ILO(ရန်ကုန်)မှ ကြီးမှူး၍ မြန်မာ့စက်မှုလက်မှုလုပ်ငန်းခွင်ဆက်ဆံရေး စနစ်တည်ဆောက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ILO (ရန်ကုန်)မှ Chief Technical…

ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်၁-၈-၂၀၁၂ရက်နေ့တွင်ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း

၁-၈-၂၀၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသည့် “မကြာခင်ကဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံ အချို့၌ အလုပ်သမားများ လုပ်ငန်းခွင်ဆိုင်ရာဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်၍ အဖြေရှာရန် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆို”နှင့်ပတ်သက်၍အလုပ်သမားဝန်ကြီးဌာန…