အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ထိုင်းနိုင်ငံရောက် အလုပ်သမားများအား အလုပ်သမားအရာရှိမှ ကာကွယ်ဆောင် ရွက်ပေးလျက်ရှိရာ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား မစန်းစန်းဝင်းသည် တိုက်၏ အနောက်ဘက်သို့ ပစ်ချခံခဲ့၍ သေဆုံးသွားခဲ့ကြောင်း သိရှိရ ပါသည်။ ဖြစ်စဉ်မှာ မစန်းစန်းဝင်းသည် (၂.၈.၂၀၁၂) ရက်နေ့ နေ့လည် (၁၄:ဝဝ) နာရီတွင် ထိုင်းနိုင်ငံ Nakhon Phathom မြို့ရှိ စိုင်းဟတ် (၆) ထပ်တိုက်တွင် ညဆိုင်းဆင်း၍ အိပ် နေစဉ် အမည်မသိ အလှူခံ (ထိုင်းလူမျိုး) မှ တံခါးမှ အတင်းတွန်းဖွင့်ဝင် ရောက်ရိုက်နှက်ပြီး တိုက်၏အနောက်ဘက်သို့ ပစ်ချခံခဲ့ရကြောင်း၊ ထိုသို့ ပစ်ချခံခဲ့ရ၍ အောက်ပိုင်းကြေမွကာ မဟာချိုင်ဆေးရုံသို့ ရောက်ရှိပြီး(၂) ရက်ခန့်မေ့မျော၍ (၄.၈.၂၀၁၂) ရက်နေ့ ည (၂၀:ဝဝ) နာရီတွင် ၄င်းဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ မစန်းစန်းဝင်း၏ ခင်ပွန်းဖြစ်သူ ဦးခင်ဦးမှ Nakhon Phathom မြို့ရှိ ရဲစခန်းတွင် အမှုဖွင့်သော်လည်း ရဲစခန်းက အမှုဖွင့်ပေးခဲ့မှု မရှိခြင်းနှင့် ဆေးရုံမှလည်း အလောင်းကို ဖျောက်ဖျက်ထားခြင်းတို့ကြောင့် အလုပ်သမားအရာရှိမှ ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေး မြန်းခဲ့ကြောင်း၊ ရဲစခန်းမှ (၂.၈.၂၀၁၂) ရက်နေ့တွင် နေ့တွင်းချင်း အမှုလာမဖွင့်၍ ဖွင့်မပေးခဲ့ ခြင်းဖြစ်ကြောင်း၊ (၇.၈.၂၀၁၂) ရက်နေ့တွင် အလုပ်သမားအရာရှိမှ အမှုဖွင့်ရန် တာဝန်ကျရဲ နှင့်ညှိနှိုင်းပေးခဲ့ကြောင်း၊ ထို့အပြင် (၈.၈.၂၀၁၂) ရက်နေ့တွင် အလုပ်သမားအရာရှိမှ သေ ဆုံးသူ၏ အလောင်းအား ဆေးရုံမှ ထုတ်ယူခြင်းနှင့် သေဆုံးသူ၏ ရုပ်ကလပ်အား Nakhon Phathom ရှိ ထိုင်းဘုန်းကြီးကျောင်း သင်္ဂ࿿ြိုလ်စက်တွင် မီးသင်္ဂ࿿ြိုလ်ခဲ့ကြောင်း၊ ကျန်ရစ်သူ မိ သားစုအား ထောက်ပံ့ငွေ (၅ဝဝဝ) ဘတ် ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့ ကြောင်း၊ ဈာပနာပို့လာသော စက်ရုံမှ အလုပ်သမားများအား အလုပ်သမားခံစားခွင့်များ ရှင်း ပြ၍ စိတ်အားတက်စေရန် အားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ အလုပ်သမားအရာရှိမှ မစန်းစန်းဝင်း အလုပ်လုပ်ကိုင်နေသော Laemthong Food Product Co., Ltd ပိုင် ကြက်သားထုတ်စက်ရုံသို့ သွားရောက်၍ သေ ဆုံးသူအတွက် နစ်နာကြေးနှင့် သင်္ဂဂြိုလ်စရိတ်များ ရရှိစေရန် ညှိနှိုင်းပေးခဲ့ကြောင်း၊ သို့သော် လည်း စက်ရုံမန်နေဂျာမှ သင်္ဂဂြိုလ်စရိတ် ဘတ် (၂ဝဝဝ) သာပေးမည်ဖြစ်ပြီး လုပ်ငန်းခွင် ပြင်ပသေဆုံးမှုဖြစ်၍ နစ်နာကြေးပေးမည် မဟုတ်ကြောင်း ပြောကြားသည့်အတွက် အလုပ် သမားအရာရှိသည် လက်ရှိတွင် ထိုင်းနိုင်ငံ၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း၊ သေဆုံးမှုအား အမှုမှန်ပေါ်ပေါက်ရေးနှင့် ထိရောက် စွာ အရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။