အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊  အလုပ်သမားဥပဒေများဆိုင်ရာ အသိအမြင်တိုးမြှင့်ရေး ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ (၁၄းဝ၀)နာရီမှ (၁၆းဝ၀)နာရီအထိ ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေ အား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် မှလည်းကောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအား အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းဝင်းမှလည်းကောင်းရှင်းလင်း ဆွေးနွေး ခဲ့ပြီး တက်ရောက် လာသူများကသိရှိလိုသည်များအားမေးမြန်းကြပြီး၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အဖွဲ့ဝင် ဝန်ကြီးများ၊အစိုးရဌာနဆိုင်ရာများ၊အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ် များ အပါအဝင် အင်အား(၂၇၀)ဦးခန့်တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။


အလုပ်သမားဥပဒေများဆိုင်ရာအသိအမြင်တိုးမြှင့်ရေးဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို အမှာစကားပြောကြားစဉ်


အလုပ်သမားဥပဒေများဆိုင်ရာ အသိအမြင်တိုးမြှင့်ရေး ဆွေးနွေးပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် မှ အလုပ်သမား အဖွဲ့အစည်းဥပဒေဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးစဉ်


အလုပ်သမားဥပဒေများဆိုင်ရာအသိအမြင်တိုးမြှင့်ရေးဆွေးနွေးပွဲတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းမှအလုပ်သမားရေးအငြင်းပွားမှုဖြေရှင်းရေးဥပဒေဆိုင်ရာကိစ္စရပ်များ ဆွေးနွေးစဉ်