နေပြည်တော် သြဂုတ် ၁၆

အလုပ်သမားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ရေးဆွဲလျက်ရှိသည့် နိုင်ငံခြားသားအလုပ်သမား ဆိုင်ရာ ဥပဒေ(မူကြမ်း)ဆွေးနွေးညှိနှိုင်းအစည်းအဝေးအား နေပြည်တော်ရုံးအမှတ်(၅၁)အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ၂၀၁၂ ခုနှစ် သြဂုတ်လ(၁၆)ရက်နေ့ နံနက်(ဝ၉းဝဝ)နာရီတွင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ် (၂)ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှကိုယ်စားလှယ်(၁)ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကိုယ်စားလှယ်(၁)ဦး၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှကိုယ်စားလှယ် (၁)ဦး၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် လုပ်ငန်းရှင် များအသင်းမှကိုယ်စားလှယ်(၂)ဦး၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှမန်နေဂျင်း ဒါရိုက်တာ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။