ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ခြင်း
၁။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ လုပ်ငန်းခွင်များသို့ ပြန်လည်ထွက်ခွာ ခွင့်ပြုပါရန် တရားဝင်ရုံးပိတ်ရက်မပါ ၅ ရက်ကြိုတင်၍ သတ်မှတ်ပုံစံ၊ စာရွက်စာတမ်းအထောက် အထားများနှင့်တကွ လျှောက်ထားလာမှုများအား စိစစ်ပြီး ပြည်ပထွက်ခွာခွင့်များအား…

