ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ အားပေး၊ အခက်အခဲများကို အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်ရေးတိုက်တွန်း
ရန်ကုန် ၊ ဩဂုတ်လ ၃၀ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့နံနက်၁၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန်၊ ကနောင် ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံတောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ…
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ နည်းဥပဒေပြုစုရေးဆွဲမှုအပေါ် အကူအညီပေးရေး အစည်းအဝေးသို့ တက်ရောက်
နေပြည်တော် ၊ဩဂုတ်လ ၂၆ ရက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းဥပဒေပြုစုရေးဆွဲမှု အပေါ်အကူအညီပေးရေးအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual Meeting စနစ်ဖြင့်…
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြည်တွင်း/ပြည်ပ သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်အားပေး
နေပြည်တော် ဩဂုတ်၂၅ ရက် ပြည်တွင်း/ပြည်ပသင်တန်းများ၌ထူးချွန်စွာအောင်မြင်ခဲ့သည့်ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၃:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ စုဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်…
ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား
နေပြည်တော် ၊ဩဂုတ် ၂၄ ရက် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။…
ခုံသမာဓိအဖွဲ့၏ ဆန်းရှိုင်းသားရေစက်ရုံ နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် (၉/၂၀၂၀)
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ရှိ ရွှေပြည့်စုံထွန်း ဆန်းရှိုင်းသားရေစက်ရုံ ဒေါ်အေးအေးလွင် (အလုပ်ရှင်) ၊ ၊ ဒေါ်မြင့်မြင့်အေး(တရားလွှတ်တော်ရှေ့နေ) (အလုပ်ရှင်၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများ) နှင့် ဦးမောင်နိုင်ပါ (၉)ဦး တို့ကြားဖြစ်ပွားသော အငြင်းပွားမှုအား စဉ့်ကိုင်မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ လွှဲအပ်ခဲ့သဖြင့်…