အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Month: ဇူလိုင် 2018

လူမှုဖူလုံရေးအဖွဲ့တွင် လစ်လပ်လျှက်ရှိသော အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူ/ အစောင့်/ သန့်ရှင်းရေး(အကူ) ရာထူးနေရာများတွင် ဖြည့်စွက် ခန့်ထားနိုင်ရန် လျှောက်လွှာခေါ်ယူခြင်း

နေပြည်တော်၊ ဇူလိုင် ၃၀ ရက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် လစ်လပ်လျှက်ရှိသော အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူ/ အစောင့်/ သန့်ရှင်းရေး(အကူ) ရာထူးနေရာများတွင် ဖြည့်စွက်ခန့်ထားနိုင်ရန် အတွက် အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်လွှာ များခေါ်ယူထားရာ…

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ဝန်ကြီးဌာနမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၊ ဝန်ထမ်းများ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကိုကြည့်ရှု့အားပေး

နေပြည်တော် ဇူလိုင် ၂၅ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတို့ အတွက် ရည်ရွယ်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင်လ ၂၅ ရက်၊နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၅၁)အနီးသတ်မှတ်နေရာ…

Labour Exchange Office Online Management System နှင့် ချိတ်ဆက်ဆောင်ရွက်မှု အခြေအနေများ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်များအတွက် Labour Exchange Office Online Management System Website တည်ထောင်၍ ဆောင်ရွက် လျက်ရှိရာ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် ဌာန၏ Website…

ရန်ကုန်မြို့၊ ဗဟိုဆောက်လုပ်ရေးသင်တန်းကျောင်း(သုဝဏ္ဏ)၌ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ ကျင်းပခဲ့ခြင်း

ရန်ကုန်မြို့၊ ဇူလိုင် ၁၄ ရက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊…

၂၀၁၆-၂၀၁၇ ခုနှစ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်

မူဝါဒ ရေးဆွဲချမှတ်သူများ၊ စီမံကိန်းအကောင်အထည်ဖော်သူများ၊ သုတေသနပြုသူများနှင့် အလားတူအသုံးပြုသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြုစုသည့် ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (မြန်မာဘာသာ) [download id=”1718″]…

မော်တော်ယာဉ် မီးလောင်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၂၀ ဦး၏ မိသားစုဝင်များအား အာမခံကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၃ ထိုင်းနိုင်ငံရှိ Tomy (Thailand) Co., Ltd လုပ်ငန်းခွင်သို့ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ Stars Pioneer Co., Ltd မှတစ်ဆင့် ၃၀-၃-၂၀၁၈ ရက်နေ့တွင် တရားဝင်…

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း(IOM)မှ Mr. Willian Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင်၁၂ ရက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ Mr. Willian Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၁၆၀၀ နာရီအချိန်…

၂၀၁၈ ခုနှစ် ၊ ဇွန် လ အတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၇၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၂၀၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်း နှင့်ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၇ခုနှစ် အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီးသင့်တော် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့်အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက် စွာခန့်အပ်ထားရှိရန်…

စည်းကမ်းလိုက်နာမှုမရှိသည့် အေဂျင်စီများနှင့် တရားမဝင် အလုပ်သမား စုဆောင်းသည့် ပွဲစားများကို အရေးယူဆောင်ရွက်လျက်ရှိ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားများ တရားဝင် စေလွှတ်ခြင်းနှင့်ပတ်သက်၍ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအား အကျိုးဆောင် လိုင်စင်များ ထုတ်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ အေဂျင်စီများလိုက်နာရမည့် စည်းကမ်းချက်များအား ထုတ်ပြန်ကာ…

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ၊ ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံမှ နည်းပညာအလုပ်သင် သင်တန်းသား များစေလွှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၆ ရက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA နှင့် အဖွဲ့အား ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ…