အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Month: အောက်တိုဘာ 2016

မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား (၁၂၈) ဦး မြန်မာနိုင်ငံသို့ (၁၃) ကြိမ်မြောက်အဖြစ် လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ရွှေ့ပြောင်း အလုပ်သမားစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ အရ ပြည်ပအလုပ်အကိုင်အတွက် မြန်မာအလုပ်သမားများအား ပြည်ပသို့စနစ်တကျ စေလွှတ်လျက်ရှိသကဲ့သို့ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ၌ ဆောင်ရွက်လျက်ရှိရာ အကြောင်း အမျိုးမျိုးကြောင့်…

ပြည်ပနိုင်ငံများ သို့ PJ (Passport for Job) ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်ခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အသိပေးကြေညာချက် ပြည်ပနိုင်ငံများသို့တရားဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားအသစ်များအနေဖြင့် ၁-၁-၂၀၁၇ ရက်နေ့မှစ၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံကူး လက်မှတ်အမျိုးအစားများအနက်မှ အလုပ် (PJ) (Passport for Job) ဖြင့် သွားရောက်…

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်(Recruitment Point System)အရ ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း
(Skills Test)နှင့်လုပ်ကိုင်နိုင်မှုအရည်အချင်းစစ်ဆေးခြင်း(Compentency Test )
စမ်းသပ်စစ်ဆေးမှုကျင်းပမည့်အစီအစဉ် အသိပေးကြေညာချက်

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်(Recruitment Point System)အရ ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း (Skills Test)နှင့် လုပ်ကိုင်နိုင်မှုအရည်အချင်းစစ်ဆေးခြင်း(Compentency Test ) စမ်းသပ်စစ်ဆေးမှုကျင်းပမည့်အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- [download id=”974″]   တင်သွင်းရမည့် အထောက်အထား နမူနာပုံစံများမှာ…[download id=”975″]

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်(Recruitment Point System) အောင်စာရင်း ထုတ်ပြန် ကြေညာခြင်း

အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားသည့်စနစ် (Recruitment Point System) (ကုန်ထုတ်လုပ်ငန်း) (ဆောက်လုပ်ရေးလုပ်ငန်း) စာမေးပွဲကို ၁၆-၆-၂၀၁၆ ရက်နေ့နှင့် ၁၃-၁၀-၂၀၁၆ ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ရာ ဖြေဆိုသူ ၁၁,၅၉၇ ဦး အနက်မှ အောင်မြင်သူ ၉၀၀၀ ဦး…

ကလေးအလုပ်သမားခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (National Action Plan) ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိုင်အယ်(လ်)အို (မြန်မာ) တို့ပူးပေါင်း၍ ကလေးအလုပ်သမား ခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (National Action Plan) ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ရွှေပြည်တော်ဟိုတယ်၌ ၂၁-၁၀-၂၀၁၆ ရက်နေ့၊ ၀၉းဝ၀ နာရီမှ ၁၂းဝ၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။…

နဝမအကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေး (9th ASEAN Forum on Migrant Labour 9th AFML) ၏နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်း၍ နေပြည်တော်၊ Hilton Hotel ၌ ၂၀-၁၀-၂၀၁၆ ရက်နေ့တွင် “နဝမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေး နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ကျင်းပပြုလုပ်ခဲ့ရာ

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၄၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်နေရာ ၁၈၀၀၀ ကျော်အား ခန့်ထားပေးနိုင်ခဲ့

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေးအတွက် ပြည်ပသို့တရားဝင်စေလွှတ်ခြင်း နှင့် ပြည်တွင်းအလုပ်အကိုင်များရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ [download id=”977″]

နဝမအကြိမ်မြောက် နိုင်ငံအဆင့်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံဖိုရမ် ကျင်းပမည်

နေပြည်တော် Hilton ဟိုတယ်၌ ၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နဝမအကြိမ်မြောက် နိုင်ငံအဆင့်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံဖိုရမ်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးဆောင်၍ ပြည်ပအလုပ်အကိုင် ကြီးကြပ်ရေးကော်မတီဝင် ဝန်ကြီးဌာနများ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်း၊…

ပြည်ပသို့ သွားရောက်မည့် အလုပ်သမားများအား ၁-၁-၂၀၁၇ ရက်နေ့မှစ၍ Job Passport ဖြင့်သာ ခွင့်ပြုသွားမည်

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပြည်ပအလုပ်အကိုင် လိုင်စင်ရ အကျိုးဆောင်အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား စေလွှတ်ခဲ့ရာ အလုပ်သမား အများစုသည် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားခြင်းမပြုဘဲ ပွဲစားများ၏ လျှောက်ထားပေးခြင်းအရသော်လည်းကောင်း၊ အေဂျင်စီများဖြင့် အဆက်အသွယ် မရှိခြင်းကြောင့်သော်လည်းကောင်း၊ နိုင်ငံကူးလက်မှတ်အမျိုးအစား Visit Passport…

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ (၁၂) ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံသို့ (၁၃.၁၀.၂၀၁၆) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာမည့် သူများစာရင်း

မလေးရှားနိုင်ငံရှိထိန်းသိမ်းရေးစခန်းများဖြစ်သော Melaka, Lenggeng, Semenyih, Klia, Belantik, Tanan Merah နှင့် Ajil Camp တို့မှ အလုပ်သမားများအား မြန်မာနိုင်ငံသို့ (၁၂) ကြိမ်မြောက်အဖြစ် ၁၃-၁၀-၂၀၁၆ ရက်နေ့တွင်ပေးပို့ပေးမည်ဖြစ်ရာ အမည်စာရင်းအပြည့်အစုံကို ကြည့်ရှုနိုင်ပါသည်။…