အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်း၍ နေပြည်တော်၊ Hilton Hotel ၌ ၂၀-၁၀-၂၀၁၆ ရက်နေ့တွင် “နဝမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေး နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကို ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်တော်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှုးချုပ်များနှင့် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု့ ကြီးကြပ်ရေးကော်မတီမှကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ILO ရန်ကုန်ရုံးမှ Liaison Officer ဖြစ်သူ Mr. Rory Mungoven, ILO Regional မှ Migration Specialist ဖြစ်သူ Mr. Nilim Baruah ၊Task Force on ASEAN Migrant Workers မှ Ms. Sinapan Samydorai၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ၊ UN/INGO/NGO မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပမှ ရွှေ့ပြောင်းအလုပ် သမားရေးရာများ ဆောက်ရွက်နေသည့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၇၀ ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။

ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ နိုင်ငံအဆင့်သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခိုင်မာသော လူမှုကာကွယ်စောင့်ရှောင့်မှုများမှတဆင့် အာဆီယံရွှေ့ပြောင်းအလုပ်သမား များ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်လာစေရေး ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်းအဝေး (8th AFML) ၏ အကြံပြုတိုက်တွန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ 9th AFML အစည်းအဝေးခေါင်းစဉ်ဖြစ်သည့် “ ခိုင်မာသောလူမှု ကာကွယ်စောင့်ရှောက်မှုများ မှတဆင့် အာဆီယံရွှေ့ပြောင်း အလုပ်သမားများ ၏ နေထိုင်မှုဘဝတို့ တိုးတက်လာစေရေး” နဲ့ ခေါင်းစဉ်ခွဲများဖြစ်သည့် “အာဆီယံဒေသ တွင်ရွှေ့ပြောင်းအလုပ်သမားများ ၏ လူမှုကာကွယ်ခြင်းဆိုင်ရာ လက်ရှိအခြေအနေ” နှင့် “အာဆီယံတွင် ရွှေ့ပြောင်းအလုပ်သမားများ ၏ လူမှုဖူလုံရေး လွှဲပြောင်းရယူ နိုင်ရန် ရှေ့ရှုဆောင်ရွက်ခြင်း” တို့အပေါ် ဆွေးနွေးသုံးသပ်သည့် ထောက်ခံချက်များ ချမှတ်ရန်နှင့် အဆိုပါအစည်းဝေးများမှ ရရှိလာသည့် ရလဒ်များကို လာအိုနိုင်ငံ တွင် ကျင်းပပြုလုပ်မည့် “နဝမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံအစည်း အဝေး” တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

pre9thAFML1
pre9thAFML2
pre9thAFML3