အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် Hilton ဟိုတယ်၌ ၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နဝမအကြိမ်မြောက် နိုင်ငံအဆင့်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံဖိုရမ်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးဆောင်၍ ပြည်ပအလုပ်အကိုင် ကြီးကြပ်ရေးကော်မတီဝင် ဝန်ကြီးဌာနများ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ILO၊ IOM၊ UN Women ၊ TFAMW ၊ World Vision (Myanmar) တို့မှ ကိုယ်စားလှယ်များဖြင့်စုစုပေါင်း (၇၀) ဦးခန့်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင်လူဦးရေ သန်း၇၀၀၀ ခန့်ရှိရာ ရွှေ့ပြောင်းအလုပ်သမား ၂၄၄ သန်းခန့် ဖြစ်ပါတယ်။ ကမ္ဘာစီးပွားရေး တိုးတက်လာခြင်းနှင့်အတူကမ္ဘာ ပေါ်ရှိပြည်သူပြည်သားများသည် ပြည်ပသို့ခရီးသွားလာမှုများ ပိုမိုများပြားလာခြင်း၊ မိမိနှင့်မိသားစုဝင်များ ဘဝအရည်အသွေး တိုးတက်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေး တို့အတွက် နယ်စပ်ဖြတ်ကျော်သွားလာခြင်းများကို ပြုလုပ်နေပါသည်။ နိုင်ငံများစွာတွင် ကျွမ်းကျင်မှုမရှိသော အလုပ်သမားများနှင့် ကျွမ်းကျင်မှု ရှိသော အလုပ်သမားများကို တရားဝင်ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းမှတဆင့် ပြည်ပသို့ အလုပ်လုပ်ရန် ရွှေ့ပြောင်းအလုပ်သမားများ အဖြစ်စေလွှတ်လျက်ရှိပါသည်။
[download id=”962″]