ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၁၂-၁-၂၀၂၆ ရက်နေ့မှ ၁၆-၁-၂၀၂၆ ရက်နေ့ထိ သင်တန်းများ ဖွင့်လှစ်ပို့ချမှုအခြေအနေ
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ၌ ၁၅-၁-၂၀၂၆ ရက်နေ့မှ ၂၈-၁-၂၀၂၆ ရက်နေ့အထိ အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်းနည်းစနစ်သင်တန်း (၁/၂၀၂၆) ကို သင်တန်းသား (၂၅) ဦးဖြင့် ၁၅-၁-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဆောင်၍ သင်တန်းဖွင့်ပွဲအခမ်းအနား…
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၁၂-၁-၂၀၂၆ ရက်နေ့မှ ၁၆-၁-၂၀၂၆ ရက်နေ့ထိ သင်တန်းများ ဖွင့်လှစ်ပို့ချမှုအခြေအနေ
ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာပြန့်ပွားရေးစင်တာ၊ ကျုံးဝါးကျေးရွာ၊ မြောင်းမြမြို့၌ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းနှင့် လက်တွေ့အသုံးပြုနည်းသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် စာတွေ့၊ လက်တွေ့များ သင်ကြားပို့ချခဲ့ပါသည်။

