ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၂၆-၁-၂၀၂၆ ရက်နေ့မှ ၃၀-၁-၂၀၂၆ ရက်နေ့ထိ သင်တန်းများ ဖွင့်လှစ်ပို့ချမှုအခြေအနေ
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး) ၌ ၂၉-၁-၂၀၂၆ ရက်နေ့မှ ၂၆-၂-၂၀၂၆ ရက်နေ့အထိ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၆) ကို သင်တန်းသား (၂၀) ဦးဖြင့် ၂၉-၁-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၁၉-၁-၂၀၂၆ ရက်နေ့မှ ၂၃-၁-၂၀၂၆ ရက်နေ့ထိ သင်တန်းများ ဖွင့်လှစ်ပို့ချမှုအခြေအနေ
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ Electric Vehicle Technical Training အမှတ်စဉ် (၁/၂၀၂၆) ကို ၁၉-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သင်တန်း ဖွင့်ပွဲအခမ်းအနား၌ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်ခဲ့ပါသည်။

