၂၁-၉-၂၀၂၆ ရက်နေ့မှ ၂၅-၉-၂၀၂၆ ရက်နေ့ထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) ၌ ၁၅-၈-၂၀၂၆ ရက်နေ့မှ ၂၁-၉-၂၀၂၆ ရက်နေ့အထိ လျှပ်စစ်နှင့် အဆင့်မြင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းကို သင်တန်းသား (၃၂) ဦးဖြင့် ၂၁-၉-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစီး၍ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group- CWG) ၏ (၁/၂၀၂၆) ညှိနှိုင်းအစည်းအဝေး
၁၆-၉-၂၀၂၆ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၊ ယာယီအစည်းအဝေးခန်းမ၌ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ (Core Working Group- CWG)…

