၁၁-၅-၂၀၂၆ရက်နေ့မှ၁၅-၅-၂၀၂၆ရက်နေ့ထိလုပ်ငန်းဆောင်ရွက်မှုအခြေအနေ
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) ၌ ၁၁-၅-၂၀၂၆ ရက်နေ့မှ ၁၅-၅-၂၀၂၆ ရက်နေ့အထိ လက်ကိုင်ခြင်းနှင့် တစ်ရှူးဘောက်ယက်လုပ်ခြင်းသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ရာ ၁၁-၅-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၁-၅-၂၀၂၆ ရက်နေ့မှ ၁၅-၅-၂၀၂၆ ရက်နေ့အတွင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့မှုအခြေအနေ
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် အလုပ်ရှင်များသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) သို့ Electrician (Building) Level-1 အလုပ် အကိုင်…

