နေပြည်တော်၊ မတ် လ ၂၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စနစ် (SSB Information System) နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းသည့်အခမ်းအနားကို ၂၉-၃-၂၀၁၈ ရက်နေ့ (၁၃:၀၀) နာရီအချိန် တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အလုပ်သမားရေးရာဆိုင်ရာတင်ဒါကော်မတီ ဥက္ကဌ (အမြဲတမ်းအတွင်းဝန်) ဦးမျိုးအောင်၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ILO မှ IT Senior Consultant ၊ Mr Alain Perras နှင့် National Project Coordinator Dr. သိန်းသန်းဌေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်သူ့အင်အားဦးစီးဌာန မှ ညွှန်ကြားရေးမှူး Dr.ခိုင်ခိုင်စိုး၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ လူမှုဖူလုံရေးအဖွဲ့မှ အရာထမ်း၊ အမှုထမ်းများ၊ အလုပ်သမားကိုယ်စားလှယ်၊ ဦးကြည်သူ၊ ဦးနော်အောင် နှင့် တင်ဒါပုံစံများ ဝယ်ယူ ထားသည့် ကုမ္ပဏီ(၇၄) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ အလုပ်သမားရေးရာဆိုင်ရာတင်ဒါကော်မတီဥက္ကဌ (အမြဲတမ်းအတွင်းဝန်) မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ လူမှုဖူလုံရေးစီမံကိန်းအကြောင်း အကျဉ်းချုပ်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့၊ သတင်းအချက် အလက်နှင့်နည်းပညာဌာန၊ ညွှန်ကြားရေးမှူးမှ တင်ဒါလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းအချက်အလက်နှင့်နည်းပညာဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ တင်ဒါ လမ်းညွှန်(Terms of Reference) အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ILO ၊ IT Senior Consultant၊ Mr Alain Perras မှ နည်းပညာဆိုင်ရာလိုအပ်ချက်များအား ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့ပြီး တင်ဒါပုံစံဝယ်ယူထားသည့် ကုမ္ပဏီများမှ တင်ဒါနှင့်ပတ်သက်၍ သိလို သည်များကို မေးမြန်းခဲ့ပြီး အခမ်းအနားကို (၁၇:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရှင်းလင်းခဲ့သည့်အချက်အလက်များနှင့် အခြား Updated Contents များအား သိရှိနိုင်ရေးအတွက် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်−
Appendix (L) BOM (Bill of Materials) for SSB Information System (excel)
Appendix(D)-DeliverablesList (PDF)
Appendix-(I) Hardware Specification (PDF)







