အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ မတ်လ ၃၁ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီး၏ ဖိတ်ကြားချက်အရ ၂၈-၃-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ ထိုင်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ရာ တက်ရောက်လာသည့် အဖွဲ့အစည်းများမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ နေရသည့် အခက်အခဲများ တင်ပြခြင်းနှင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၉-၃-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးအား သွားရောက်တွေ့ဆုံပြီး၃၁-၃-၂၀၁၈ရက်နေ့တွင်သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများကိစ္စကို အလေးထားဆွေးနွေးပြီး အလုပ်သမားများအား အထောက် အထားထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်စေလွှတ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အလုပ် သမားအခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် သင်္ကြန် ကာလပိတ်ရက်အတွင်း မြန်မာအလုပ်သမားများ လွတ်လပ်စွာ ပြန်ခွင့်ရရှိနိုင်ရေး စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းအလုပ်သမားဝန်ကြီးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ထိုင်းနိုင်ငံဘက်မှ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းတိုး ပေးခြင်းလုပ်ငန်းစဉ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးရေးစခန်း များသို့သွားရောက်ကြည့်ရှုစစ်ဆေးကာ CI လာရောက်လျှောက်ထားသော အလုပ်သမားများ ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်ပြီး အခက်အခဲများ မေးမြန်းခြင်း၊ ဆောင်ရွက်ပေးနေသည့် လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားခြင်းနှင့် မြန်မာအလုပ်သမားများမှ တင်ပြချက်များအပေါ် ထိုင်းအလုပ်သမားဝန်ကြီးနှင့် ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ထိုင်းနိုင်ငံရှိ CI ထုတ်ပေးရေးစခန်းများတွင် CI လာရောက် လျှောက်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်စဉ်