အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                      နိုဝင်ဘာ ၁၆

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွှဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာသည့် အလုပ်သမား များ၏ ပြည်ပထွက်ခွာခွင့် လျှောက်ထားလာမှုများ စိစစ်ဆောင်ရွက်ပေးနေမှုများကို သွားရောက်၍ ခွင့်ပြန်အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ ၂၅ % လွှဲပို့ခဲ့မှုများ၊ အခွန် ၂% ပေးဆောင်ခဲ့မှုများနှင့် ခွင့်ပြန်အထောက်အထားများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ A.D Bank များ၊ RBL လိုင်စင်ရ ငွေလွှဲလုပ်ငန်းတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ စိစစ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများ၊ လာရောက်ဆောင်ရွက်သည့် အလုပ်သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအား ၎င်းတို့သွားရောက်မည့် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိစေရေး အသိပညာပေးပို့ချလျက်ရှိသည့် ပြည်ပအလုပ် အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် HRD Korea အဖွဲ့နှင့်တွေ့ဆုံ၍ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ၊ EPS စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ ၂၅% ကို တရားဝင် လမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုများထံ တရားဝင်လွှဲပို့နိုင်ရေး အစီအစဉ်များ နှင့်ပတ်သက်ပြီး နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေး တွေ့ဆုံမှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လာသည့် အလုပ်သမားများ၏ ပြည်ပထွက်ခွာခွင့် လျှောက်ထား လာမှုများကို ပိုမိုလွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာနသို့ တင်ပြခြင်းအစား ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(မြောက်ဒဂုံ)တွင် ၂-၁၁-၂၀၂၆ ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ ၁၀-၁၁-၂၀၂၆ ရက်နေ့အထိ ခွင့်ပြန်အလုပ်သမား စုစုပေါင်း (၇၁၄) ဦးကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ NSSA နည်းပညာအထောက် အကူပြုရုံး (ရန်ကုန်) သို့ သွားရောက်၍ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများအား စာချုပ်ချုပ်ဆိုနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အလုပ်သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။