အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                          အောက်တိုဘာလ   ၇

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်း ကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်သည့် စားသောက်ဆိုင်ဝန်ဆောင်မှု သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ သို့တက်ရောက် ၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန အနေဖြင့်လုပ်သား ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ သောအသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဖွင့်လှစ်ပို့ချပေး နေကြောင်း၊ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)ကို၁၉၇၂ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးအလုပ်အကိုင်ရှာဖွေနေသူလူငယ်လူရွယ်များအတွက်ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အလုပ်အကိုင်များဖြစ်သည့်လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ဂဟေဆက်ခြင်း၊လေအေးပေးစက်တင်ဆင်/ပြုပြင်ခြင်း၊မော်တော်ယာဉ်စက်ပြင်နှင့် ဆောက်လုပ်ရေး အလုပ်အကိုင်များ အတွက်ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စားသောက်ဆိုင် ဝန်ဆောင်မှုသင်တန်းသည်အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ၌ ဝင်ရောက်လုပ်ကိုင်ကြမည့် လူငယ်လူရွယ်များ အတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတလျှောက် ရက်ပျက်မရှိ တက်ရောက်ပြီး သင်တန်းစည်းကမ်းများအလေးထား လိုက်နာ၍ စာတွေ့၊ လက်တွေ့သင်ခန်းစာများကို စိတ်ပါဝင်စားစွာ မှတ်သားစေလိုကြောင်း၊ လူနေမှု ဘဝမြင့်မားရေးအတွက် မည်သည့်အတတ်ပညာကိုမဆို အခြေခံအဆင့်တွင် အလေးထား လေ့လာ သင်ယူ၍ အတွေ့အကြုံများမှ စိတ်ကူးသစ်များဖြင့် ဖန်တီးထုတ်လုပ်နိုင်သည့် အဆင့်ထိ ကြိုးပမ်း ဆောင်ရွက်ရန်နှင့် စည်းကမ်းတကျ လုပ်တတ်သည့် အလေ့အကျင့်ကောင်းများမှ မိမိဘဝအတွက် အရေးပါသည့် အလေ့အထကောင်းများ ရရှိ ရန် အကောင်အထည် ဖော်စေလိုကြောင်း  တိုက်တွန်းမှာကြား၍သင်တန်းသားများကို  ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။  

နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိGood Things Assessment Center သို့ရောက်ရှိ၍ တာဝန်ခံမှ Assessment Center တည်ထောင်ဖွင့်လှစ်မှုနှင့် ဂဟေဆက် အလုပ် အကိုင် စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်ကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက Assessment Center တွင် အသုံးပြုမည့် စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိရေး၊ Assessor များ ကျွမ်းကျင်မှုရှိရေး Chief Assessor ၏ ဦးဆောင်မှုဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးမှုကို ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်အင်အားအပြင် ပိုမိုမွေးထုတ်ပေးနိုင်ရန် စေတနာ၊ ဝါသနာဖြင့် ကြိုးပမ်းဆောင်ရွက်ရေး မှာကြားခဲ့ပြီး  ဝင်ရောက် ဖြေဆိုမည့် လုပ်သားများအား လေ့ကျင့်သင်ကြားနေမှုကို လှည့်လည် ကြည့်ရှု၍ အရည်အချင်းပြည့်ဝသည့် လုပ်သားကောင်း များဖြစ်စေရေး၊ မိမိအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဖြစ်၍ စဉ်ဆက်မပြတ် လေ့လာသင်ယူကာ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် မြင့်မားသည့် လုပ်သားကောင်းများ ဖြစ်စေရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။