အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                   ဇူလိုင် ၁၃။

အလုပ်သမားဝန်ကြီးဌာန၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၌ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်း အတွင်းဝန်တို့သည် သတ်မှတ်နေရာများတွင် စိန်တစ်လုံး သရက်ပျိုးပင်များအား စိုက်ပျိုးပေးခဲ့ပြီး ညွှန်ကြားရေးမှှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများက ငုစပ်ပင်နှင့် စိန်တစ်လုံး သရက်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျိုးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ယနေ့ပြုလုပ်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ငုစပ်ပင် (၂၈)ပင်၊ စိန်ပန်း (၅၂)ပင်၊ စိန်တစ်လုံးသရက် (၂၂)ပင်၊ စုစုပေါင်း ပျိုးပင် (၁၀၂) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်