အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာမြို့နယ်ပေါင်းစပ်အဖွဲ့မှ ၂၁-၁၁-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာ မင်းခေါင်လမ်း၊ အမှတ် (၃၇) ရှိ Saiform International Garment (Myanmar) Co., Ltd အထည်ချုပ် စက်ရုံ (CMP) သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် WCC အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် (၂) ဦးနှင့် စက်ရုံတာဝန်ရှိသူများမှ ခေါ်ယူပေးသူများမဟုတ်ဘဲ မြို့နယ်ပေါင်းစပ်အဖွဲ့မှ စိတ်ကြိုက်ခေါ်ယူခဲ့သည့် အလုပ်သမား (၂၆) ဦး ‌ပေါင်း (၂၈) ဦး တို့အား တွေ့ဆုံမေးမြန်းခဲ့ရာ စက်ရုံသည် ရက်သတ္တပတ်အလုပ် ပိတ်ရက် (တနင်္ဂနွေနေ့) များတွင် လုပ်ခဖြင့် အလုပ်ပိတ်ပေးထားပြီး လုပ်ငန်းလိုအပ်ချက်အရ လုပ်ကိုင် ရန် လိုအပ်သည့် ၁၂-၁၀-၂၀၂၅ ရက်‌နေ့ (တနင်္ဂနွေနေ့) တွင် အလုပ်သမားများ၏ သဘောတူညီချက် ဖြင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ ရက်သတ္တပတ်အလုပ်ပိတ်ရက် လုပ်ကိုင် ခွင့်ပြုမိန့်တောင်းခံလုပ်ကိုင်ပြီး ၁၅-၁၀-၂၀၂၅ ရက်နေ့တွင် ရက်အစားအနားပေးထားကြောင်း၊ မိမိတို့ အလုပ်သမားများအနေဖြင့် အချိန်ပိုကြေး မရရှိဘဲ အချိန်ပို လုပ်ကိုင်ပေးရခြင်း မရှိကြောင်း၊ အထည် ဆုကြေးပေးချေရာတွင် အလုပ်သမားများမှ (၁၀) ရာခိုင်နှုန်း၊ ကြီးကြပ်သူများမှ (၉၀) ရာခိုင်နှုန်း ရရှိ သည်မှာ မှန်ကန်မှု မရှိကြောင်း၊ စက်ရုံမှ မိမိတို့ အလုပ်သမားများအား အထည်ဆုကြေးပေးချေရာတွင် ဘက်လိုက်၍ ပေးချေခြင်း မရှိပါကြောင်း၊ သီတင်းကျွတ်ကန်တော့ရန်အတွက် မိမိတို့ အလုပ်သမား များထံမှ ငွေကြေးကောက်ခံခြင်း မရှိကြောင်း၊ စေတနာသဒ္ဓါကြေးဖြင့် ထည့်ဝင်ကြေးဖြစ်ကြောင်းနှင့် မထည့်သည့် အလုပ်သမားများအား ဆုကြေးလျော့ပေးခြင်း မရှိကြောင်း၊ ထမင်းစားဆောင်တွင် စက်ရုံ ဘက်ခြမ်း၌ အထည်လိပ်များ ယာယီထားရှိသဖြင့် ထမင်းစားဆောင်၏ အခြားတစ်ဖက်ခြမ်းတွင်သာ အလုပ်သမားများ ထမင်းစားနေရသည့်အတွက် နေရာလုံလောက်မှုလိုအပ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တာဝန်ခံစစ်ဆေးရေးအရာရှိသည် ၁-၁၂-၂၀၂၅ ရက်နေ့တွင် နောက်ဆုံးထား၍ ပြုပြင်လိုက်နာဆောင်ရွက်ရန် မှာကြားထားရှိကြောင်း စိစစ်တွေ့ရှိရပါသည်။