အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် လှိုင်သာယာစက်မှုဇုန်ရှိသင်တန်းကျောင်းနှင့်စက်ရုံများ သို့ လှည့်လည်ကြည့်ရှုအားပေးခြင်း

၂၀၁၂ စက်တင်ဘာလ ၁၇
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် အလုပ်သမားဝန်ကြီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌတို့နှင့်အတူ ၁၇-၉-၂၀၁၂ ရက်နေ့ နံနက်(၁ဝး၃၀)နာရီတွင် လှိုင်သာယာစက်မှုဇုန်ရှိ သုခစုစံပြည်ပလုပ်ငန်းခွင် စက်မှုသင်တန်းကျောင်း နှင့် စက်ရုံများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။ ရှေးဦးစွာ လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ သုခစုစံပြည်ပလုပ်ငန်းခွင် စက်မှုသင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ သင်တန်းကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သမိုင်းကြောင်း၊ ပို့ချသည့်သင်တန်းအမျိုးအစားနှင့်သင်တန်းသားအင်အား၊ ပြည်ပသို့အလုပ်သမားစေလွှတ်မှုအခြေ အနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ သင်တန်းခန်းမအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
ထို့နောက်စက်မှုဇုန်(၃)ရှိ FAME ဆေးဝါးစက်ရုံသို့ရောက်ရှိရာ MD ဒေါက်တာခင်မောင်လွင် မှ စက်ရုံအခြေအနေကို PowerPoint ဖြင့် ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း ဆေးဝါးပင်များ စိုက်ပျိုးထားရှိမှု၊ သဘာဝနည်းဖြင့် အခြောက်ခံမှု၊ လုပ်ငန်းခွင်အလိုက်ဆေးဝါးထုတ်လုပ်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ပါသည်။ စက်ရုံအစည်းအဝေးခန်းမတွင် HR Managerမှအလုပ်သမားရေးရာကိစ္စရပ်များကိုရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးမှစက်ရုံ၏ ကောင်းမွန်သော အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရန်နှင့် စံပြစက်ရုံတစ်ရုံအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရေး မှာကြားခဲ့ပါသည်။
ဆက်လက်၍ ငွေပင်လယ်စက်မှုဇုန်ရှိ UNIVERSAL APPAREL အထည်ချုပ်စက်ရုံသို့ရောက်ရှိပြီး စက်ရုံပိုင်ရှင် Mr. RO HAI YONG နှင့်မန်နေဂျာတို့မှစက်ရုံအခြေအနေကိုရှင်းလင်းတင်ပြပြီးစက်ရုံတွင်းလှည့်လည်ကြည့်ရှုအားပေးခဲ့ပါ သည်။
ခရီးစဉ်အတွင်းအလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသည် ပြည်ပလုပ်ငန်းခွင်စက်မှုသင်တန်းကျောင်းနှင့် စက်ရုံများရှိသင်တန်းသားများ၊အလုပ်သမားများနှင့် ပိုင်ရှင်၊ မန်နေဂျာတို့အား လုပ်ငန်းခွင်အေးချမ်း သာယာရေး နှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးအတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။