အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးနှင့်စပ်လျဉ်း၍ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး (အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာအမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ) ဒေါ်ဝင်းမော်ထွန်း နှင့်အဖွဲ့သည် အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများအားကျင်းပပြုလုပ်ရေး အစီအစဉ်အရ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆွေးနွေးပွဲအား စစ်ကိုင်းတိုင်းဒေသကြီးတွင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသကြီးကော်မတီ မှ ကိုယ်စားလှယ်များနှင့် မုံရွာမြို့ မြို့တော်ခန်းမ၌ ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်နေ့ (ဝ၉း၃၀) နာရီမှ (၁၂းဝ၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

[download id=”249″]

အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကျင်းပခြင်း

အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့
(ဝ၉း၃၀)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အမျိုးသားကော်မတီဝင် အစိုးရဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ Myanmar Development Resource Institute (MDRI) မှ သုတေသနပညာရှင်များ၊ Myanmar Human Resource (MHR) နှင့် Myanmar Marketing Research and Development (MMRD)မှ သုတေသနပညာရှင်များ၊ ရန်ကုန်မြို့ရှိ ILO ဆက်သွယ်ရေးအရာရှိနှင့် အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများ၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာနည်းပညာလုပ်ငန်းကော်မတီဝင်များ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

[download id=”241″]