အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ မတ် ၁၈

အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် International Organization for Migration (IOM) တို့ ပူးပေါင်း ဖွင့်‌လှစ်သည့် ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲမှုနှင့်‌ အကာအကွယ်ပေးမှုဆိုင်ရာ သင်တန်းဖွင့်‌ပွဲ အခမ်းအနားကို အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာန၌ မတ်လ ၁၈ ရက်နေ့ နံနက်(ဝ၉၀ဝ)နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် International Organization for Migration (IOM) က Chief of Mission ဖြစ်သူ Mr. Kieran William Gorman-Best နှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အမှာစကား‌ပြောကြားရာ၌ ယနေ့အချိန် အခါတွင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူဦးရေနှင့် လူနေမှုပုံစံသည် အခြားသောနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များနှင့် အလုပ်သမားများ၏ လိုအပ်ချက်များကို ဆွဲဆောင်ဖန်တီးပေးနေသော လုပ်သား ဈေးကွက်ကြီး ဖြစ်နေသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးနောက်ကျနေသော နိုင်ငံများ၌ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနှင့်လုပ်ခလစာနည်းပါးမှုတို့ကြောင့်ယင်းနိုင်ငံများမှအလုပ်သမားများသည် အလုပ်အကိုင် ပေါများပြီး လုပ်ခလစာပိုမိုရရှိနိုင်သော နိုင်ငံများသို့ ပိုမိုကောင်းမွန်သော အလုပ်အကိုင် နှင့်အကျိုးခံစားခွင့်များရရှိခံစားနိုင်မည့်မျှော်လင့်ချက်များဖြင့် ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိသည့်အတွက် ယနေ့ကမ္ဘာကြီးတွင် ရွှေ့ပြောင်းသွားလာသူအရေအတွက်သည် တစ်နေ့တစ်ခြား တိုးပွားလျက်ရှိသည်ကို လေ့လာတွေ့ရှိရမှာဖြစ်ကြောင်း . . . . . .[download id=”254″]