အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်‌ သည် ၁၇-၁၀-၂၀၁၄ ရက်နေ့တွင် လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် Master Sports ဖိနပ်စက်ရုံမှ အလုပ်သမား (၇၅၇) ဦး၏ ၂၀၁၄ ခုနှစ်၊ ဇွန်လအတွက် လုပ်ခလစာနှင့် ဥပဒေနှင့်အညီ ခံစားခွင့်ပေးအပ်ရမည့်‌ စက်ရုံပိတ်နစ်နာကြေး ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး၊ လှိုင်သာယာစက်မှုဇုန်၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်‌ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လေလံတင်ရောင်းချရေးကော်မတီဝင်များ၊ ဖိနပ်လုပ်ငန်းဆိုင်ရာ CMP ဥက္ကဋ္ဌ နှင့်‌ တာဝန်ရှိသူများ၊ Master Sports ဖိနပ်စက်ရုံမှ အလုပ်သမားများ တက်ရောက်ခဲ့ကြပါသည်။

[download id=”338″]