အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် ဦးဆောင်သော အထူးကိုယ်စားလှယ်အဖွဲ့သည် ၂၄-၁၀-၂၀၁၄ ရက်နေ့၊ ဝ၆:ဝ၀ နာရီအချိန်တွင် ဘန်ကောက် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ၊ Koh Samui ကျွန်းသို့ သွားရောက်ခဲ့ပြီး Koh Tao ကျွန်း (လိပ်ကျွန်း)၌ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ် ခံရသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့အား ယင်း၏မိဘများနှင့်အတူ တွေ့ဆုံနိုင်ရေး ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီမှ စွပ်စွဲခံ မြန်မာ အလုပ်သမား နှစ်ဦး၏မိဘများထံသို့ မိသားစု တစ်စုလျှင် ဘတ်တစ်သောင်းစီ (Thai Bath 10000) ဖြင့် စုစုပေါင်း ဘတ် ၂၀ဝ၀ဝ ကို အလုပ်သမား သံအရာရှိမှတဆင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။