အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် သည် ၆-၁၀-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် Master Sports (Myanmar) ဖိနပ်စက်ရုံ၏ စက်ပစ္စည်းများ အား လေလံတင်ရောင်းချနိုင်ရေးအတွက် ဖိနပ်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် စက်ရုံပိုင်ရှင်များအား တွေ့ဆုံသည့် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဖိနပ်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိနပ်ချုပ်စက်ရုံပိုင်ရှင်များ၊ အလုပ်သမားကိုယ်စားလှယ် နှင့် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ [download id=”325″]



