အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတ္တမအကြိမ်မြောက် အာဆီယံရွှေ့ပြောင်းလုပ်သားများညီလာခံကျင်းပနိုင်ရေး အတွက် နိုင်ငံအဆင့်အကြိုညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ဝ၉းဝ၀ နာရီအချိန် နေပြည်တော်၊ Horizon Lake View Resort ဟိုတယ်၌ ကျင်းပခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယခုကျင်းပပြု လုပ်သည့် အစည်းအဝေးသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် သတ္တမအကြိမ်မြောက် အာဆီယံရွှေ့ပြောင်းလုပ်သားများဆိုင်ရာအာဆီယံအစည်းအဝေး(7th AFML) အတွက်အကြိုညှိနှိုင်း အစည်းအဝေးဖြစ်ပြီး ယခင်အစည်းအဝေး၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ နိုင်ငံအဆင့်တွင် အကောင်အထည်ဖော်မှုနှင့်သတင်းအချက်အလက်များကို မျှဝေနိုင်ရန် . . . . [download id=”324″]