အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ စက်တင်ဘာ ၁၁

အလုပ်သမားဝန်ကြီးဌာန မှ ချမှတ်ဆောင်ရွက်မည့် Labour Migration Policy ဖြစ်ပေါ်လာစေရေးအတွက် ညှိနှိုင်းအစည်းအဝေး အား ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး၊ Myanmar Development Resources Institute (MDRI)၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင်ဒေါက်တာဇော်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံရေးဦးစီးဌာန၊ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ INGO များဖြစ်သော UNIAP, World Vision, FXB, Save the Children နှင့် IOM တို့မှကိုယ်စားလှယ်များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။