ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၄-၈-၂၀၂၆ ရက်နေ့မှ ၂၈-၈-၂၀၂၆ ရက်နေ့ထိ သင်တန်းများ ဖွင့်လှစ်ပို့ချမှုအခြေအနေ
ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာန၊ မြောင်းမြတို့ ပူးပေါင်း၍ ၈-၆-၂၀၂၆ ရက်နေ့မှ ၁၉-၆-၂၀၂၆ ရက်နေ့ထိ လယ်ယာသုံး စက်ကိရိယာပစ္စည်းများ အသုံးပြုနည်း/ ပြုပြင်နည်းသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၇-၈-၂၀၂၆ ရက်နေ့မှ ၂၁-၈-၂၀၂၆ ရက်နေ့ထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ၁၇-၈-၂၀၂၆ ရက်နေ့မှ ၁၄-၉-၂၀၂၆ ရက်နေ့အထိ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ၁၇-၈-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

