အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Category: DOL-News

၁၅-၆-၂၀၂၆ရက်နေ့မှ၁၉-၆-၂၀၂၆ရက်နေ့ထိလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ၂၁-၅-၂၀၂၆ ရက်နေ့မှ ၁၆-၆-၂၀၂၆ ရက်နေ့အထိ ဆောက်လုပ်ရေးအဆင့်မြင့်မွမ်းမံသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ၁၆-၆-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးစီး၍ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး(အောက်မြန်မာပြည်) ၁၈-၆-၂၀၂၆ ရက်နေ့မှ ၁၉-၆-၂၀၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ စက်မှုဇုန် နှင့်ပိုင်ဆိုင်မှုကဏ္ဍ (စက်မှုဇုန်တွင်း/ပြင်ပ) အလိုက် ဆိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့်အလုပ်သမားဦးရေ စာရင်းကောက်မေးခွန်းလွှာ သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် သင်တန်းသားများမှ လက်တွေ့လေ့ကျင့် မေးမြန်းခြင်း

အောက်မြန်မာပြည်ရှိ ဝန်ထမ်းများအတွက် ၁၈-၆-၂၀၂၆ ရက်နေ့မှ ၁၉-၆-၂၀၂၆ ရက်နေ့ ထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ စက်မှုဇုန်နှင့် ပိုင်ဆိုင်မှုကဏ္ဍ (စက်မှုဇုန်တွင်း/ပြင်ပ) အလိုက် ဆိုင်၊ စက်ရုံ၊…

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့မှု

          ၁၂-၆-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးခန်းမ၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် လုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မှုများ အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် အစိုးရ၊…