အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Category: DOL-News

အလုပ်သမားဝန်ကြီးဌာနအလုပ်သမားညွှန်ကြားရေးဦးစီးဌာနကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ၌ ၂၀၂၆ ခုနှစ်၊ မေလအတွင်း ဖွင့်လှစ်မည့် ကျွမ်းကျင်မှုသင်တန်းများ

 ၂၃-၃-၂၀၂၆ ရက်နေ့မှ ၂၆-၃-၂၀၂၆ ရက်နေ့ထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ၂၅-၂-၂၀၂၆ ရက်နေ့မှ ၂၄-၃-၂၀၂၆ ရက်နေ့အထိ လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်းကို သင်တန်းသား (၁၈) ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ရာ ၂၄-၃-၂၀၂၆  ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၁၆-၃-၂၀၂၆ ရက်နေ့မှ ၂၀-၃-၂၀၂၆ ရက်နေ့ထိ သင်တန်းများ ဖွင့်လှစ်ပို့ချမှုအခြေအနေ

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်လျက်ရှိသော သံချည်သံကွေး (မွမ်းမံ) သင်တန်းနှင့် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း၌ သင်တန်းသားများ စာတွေ့၊ လက်တွေ့သင်ကြား နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။