အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ခုံသမာဓိကောင်စီ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ သက်ကြီးရွယ်အို စောင့်ရှောက်ရေး သင်တန်းနှင့် ဂျပန်ဘာသာစကား သင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုအားပေး
ရန်ကုန် အောက်တိုဘာ ၁၅ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ခုံသမာဓိကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အငြင်းပွားမှုများကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ…

