အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၃၀-၉-၂၀၁၂
အလုပ်သမားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် Look East Organization Myanmar မှ ကျင်းပသည့် ပထမအကြိမ်အထက်မြန်မာပြည်အလုပ်အကိုင်အခွင့် အလမ်းရှာဖွေပွဲအား မန္တလေးမြို့၊ 78 Shopping Mall တတိယထပ်၌ ၃၀-၉-၂၀၁၂ ရက်နေ့ နံနက် ဝ၉း၄၅ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲ အခမ်းအနားသို့အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်ဖွင့်လှစ် အမှာ စကားပြောကြား ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီး ဦးသန်းစိုးမြင့်၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်၊ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Dr. Madan Mohan Sethi နှင့် Look East Organization Myanmar မှတာဝန်ရှိသူများ နှင့် အခြားဖိတ်ကြားထားသူများ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၁၀း၄၅ နာရီတွင် မန္တလေးတိုင်းဒေသကြီးရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များမှာကြားခဲ့ပါသည်။
ထို့နောက်မန္တလေးတိုင်းဒေသကြီးရှိ အလုပ်သမားဆေးရုံကြီး(မန္တလေး)သို့ရောက်ရှိရာဆေးရုံအုပ်ကြီးဒေါက်တာလှမိုးနှင့် တာဝန်ရှိသူများမှကြိုဆိုကြ ပြီး ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးမှ ဆေးရုံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက် မှုများကိုရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဆေးရုံရှိ လူနာဆောင်အသီးသီးအား လိုက်လံလှည့် လည် စစ်ဆေးကာ လူနာများကိုအားပေးစကားပြောကြားပြီးဆေးရုံတက်ရောက်ကုသနေကြသည့် လူများအတွက်အလှူငွေများ အား ပြည်ထောင်စုဝန်ကြီးမှ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။