နေပြည်တော် အောက်တိုဘာလ ၉ ရက်
အလုပ်သမားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဆင်းရဲနွမ်းပါးမှုလျော့ချရေး နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သင့်တော်သော အလုပ်အကိုင်ဖန်တီးရေးအလုပ်ရုံဆွေးနွေးပွဲ (Decent work as a tool for Poverty Alleviation and Economic Development) ကို အောက်တိုဘာလ (၉) ရက်နေ့ နံနက် ၉ နာရီ တွင် နေပြည်တော် Mount Pleasant Hotel ၌ ကျင်းပခဲ့ရာအလုပ်သမားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်အမှာစကားပြောကြားပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအားဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သင့်တော်သော အလုပ်အကိုင်ဖန်တီးရေးကိုနည်းလမ်းတစ်ခု အဖြစ် ဖေါ်ဆောင်ရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ဦးစား ပေးဆောင်ရွက်နေသော မူဝါဒနှင့် လုပ်ငန်းများအား အစိုးရ၊ အလုပ်ရှင်၊အလုပ်သမားများသိရှိအောင်ရှင်းလင်းအသိပေးခြင်း၊ထိုသို့အသိပေးခြင်းဖြင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သင့်တော်သော အလုပ်အကိုင်ဖန်တီးရာတွင်သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် ဆောင်ရွက်နိုင်မည့် နယ်ပယ်များ အား ဖေါ်ထုတ်ရန်နှင့် ကဏ္ဍအလိုက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသော နယ်ပယ်များအား သတ်မှတ်ဖေါ်ထုတ်နိုင်ရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ ၊ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ – ရုံးချုပ်၊ ဒေသဆိုင်ရာရုံးနှင့် ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များပါဝင် တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။




