၂၅-၉-၂၀၁၂
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ၌ အဓမ္မခိုင်းစေမှုပပျောက်ရေးပူးတွဲမဟာဗျူဟာဆိုင်ရာ လုပ်ငန်းစီမံချက် (Plan of Action)အရ အလုပ်သမားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)တို့ပူးတွဲ၍ ဆွေးနွေးပွဲအား ၂၅-၉-၂၀၁၂ ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် အလုပ်သမားဝန်ကြီး ဌာန စုဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်သိန်း၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းဝင်းနှင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့်အရာထမ်းများ၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Steve Marshall နှင့် အဖွဲ့ဝင်များ၊ အခြားဖိတ်ကြား ထားသူများတက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။




