အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ(၅)ကြိမ်မြောက်အာဆီယံဆွေးနွေပွဲမတိုင်မီအကြို ဆွေးနွေးပွဲ၊ ရွှေ့ပြောင်းလုပ်ကိုင်ခြင်း ဆိုင်ရာမူဝါဒ ရေးဆွဲနိုင်ရေးနှင့်ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဆိုင်ရာ အမျိုးသားအဆင့်(၅)နှစ်လုပ်ငန်းစီမံချက်တို့နှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲ (Workshop on Preparation for 5th ASEAN Forum on Migrant Workers and Workshop on Consultation for Myanmar Labour Migration Policy and National Action Plan)ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ၊ MICT Park တွင် ၁၈-၉-၂၀၁၂ ရက်နေ့ နံနက်(ဝ၉းဝဝ)နာရီတွင် စတင်ကျင်းပ ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က အဖွင်‌့အမှာစကား‌ပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီနှင့်ဆပ်ကော်မတီ(၃)ခုမှ ကော်မတီဝင်များဖြစ် ကြသော ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလုပ်သမားဝန်ကြီးများ၊ အလုပ်သမားရေးရာနှင့်သက်ဆိုင်သည့် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့၊ ကော်မတီရုံး များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြား ထားသူများ စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ (၅)ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးမည့်မြန်မာနိုင်ငံ၏ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအချက်အလက်များအားဆွေးနွေး ခြင်း၊ ရွှေ့ပြောင်း လုပ်ကိုင်မှုကိုစီမံခန့်ခွဲခြင်းစနစ်များအားမြှင့်တင်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက် မှုမြှင့်တင်ခြင်း၊ အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များတိုးတက်စေခြင်းစသည်တို့ ပါဝင် သည့် ရွှေ့ပြောင်းလုပ်ကိုင်ခြင်းဆိုင်ရာမူဝါဒ(Labour Migration Policy)ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံ ‌ဆွေးနွေးပွဲကို ၁၉-၉-၂၀၁၂ ရက်နေ့နှင့်၂၀-၉-၂၀၁၂ ရက်နေ့တို့တွင်ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စ ရပ်များဆွေးနွေးခဲ့ကြသောလွှတ်တော်ကိုယ်စားလှယ်များလည်း တက် ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။