ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ဝက်မစွပ် ဝန်ထောက်လမ်း၊ အမှတ် (၄၈၃) ရှိ ဒေါ်ချင်ယင်း ပိုင်ဆိုင်သည့် Qi Xuan Garment Co.,Ltd (အထည်ချုပ်စက်ရုံ)ရှိ အလုပ်သမား ဒေါ်ချိုအေးလွင်သည် အလုပ်ရပ်စဲ ခံရသောကြောင့် ညှိနှိုင်းပေးပါရန် ၃၀-၆-၂၀၂၃ ရက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တင်ပြတိုင်ကြားလာခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၄-၇-၂၀၂၃ ရက်နေ့တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အလုပ်ရှင်ကိုယ်စားလှယ် HR Manager နှင့် အလုပ်သမား ဒေါ်ချိုအေးလွင်တို့အား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ရာ ပြေလည်မှုရရှိ၍ ၎င်းနေ့တွင် နို့တစ်ကြေး ကျပ် ၂၄၀,၀၀ဝ ပေးချေခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်သမားဝန်ကြီးဌာန

