အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား ယနေ့ (၆-၄-၂၀၁၆)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၁:၀၀) နာရီ အချိန်တွင် ရုံးအမှတ်(၅၁) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr.Lee Back Soon မှ ဂါရဝပြုလာရောက်တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော် နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး မြန်မာအလုပ်သမားများ၏ စွမ်းရည်တိုးတက်မြင့်မားရေးနှင့်ပတ်သတ်၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။