အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား ယနေ့ (၅-၄-၂၀၁၆)ရက်နေ့၊အင်္ဂါနေ့ ၊ နံနက်(၁၁:၃၀)နာရီတွင် ရုံးအမှတ် (၅၁)၊ အစည်းအဝေးခန်းမ၌ Embassy of Japan မှ သံအမတ်ကြီး Mr.Tateshi HIGUCHI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

အဆိုပါဂါရဝပြုတွေ့ဆုံခြင်းအခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ဒုတိယအမြဲတမ်းအတွင်ဝန် ဦးမောင်မောင်ကျော် နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။