အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ Ms.Kristen Bauer ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ (၄-၄-၂၀၁၆) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် လာရောက်တွေ့ဆုံခဲ့ပြီး မြန်မာအစိုးရသစ် လက်ထက်တွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အတွက် ဆိုင်းငံ့ထားသော မြန်မာနိုင်ငံ၏ Generalized System of Preferences အကျိုးခံစားခွင့်ကိစ္စကို မေလလယ်တွင် အမေရိကန်အစိုးရက ပြန်လည်သုံးသပ်ရန်ရှိကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သတ်၍ Generalized System of Preferences ရရှိရေးအတွက် အရေးပါသော Criteria (၁) ချက်ဖြစ်သည့် အလုပ်သမားအခွင့်အရေး ကာကွယ်ပေးမှု၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းရေး၊ အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် ကလေးလုပ်သား ပပျောက်ရေးကိစ္စရပ်များတွင် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများကို အစိုးရသစ်အနေဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။