အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေအား ယနေ့ (၇-၄-၂၀၁၆) ရက်၊ ကြာသာပတေးနေ့၊ နံနက် (၉:၃၀)နာရီ အချိန်တွင် ရုံးအမှတ် (၅၁)၊ အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံသံရုံး၊ သံအမတ်ကြီး Mr. Pisanu Suvanajata နှင့်အဖွဲ့ ဂါရဝပြုလာရောက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ ၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားကိစ္စ၊ Certificate of Indentity ထုတ်ပေးရေးကိစ္စ၊ မြန်မာလုပ်သားများ ကျွမ်းကျင်မှုဖွံ့ ဖြိုးတိုးတက်ရေးကိစ္စရပ်များအတွက် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။