ရန်ကုန် နိုဝင်ဘာ ၁၃
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ် သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင် တန်းကျောင်း၌ ကျင်းပသော လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အတွင်းဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ် အမျိုးအစားများ အား ရှာဖွေဖော်ထုတ်နိုင်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ၏ အသိအမြင်များတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ လစဉ်ဖွင့်လှစ်ပို့ချပေး လျက်ရှိရာ (၂၀)ကြိမ် ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား ၄၀ ဦးခေါ်ယူ၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ သင်တန်းနည်းပြများက သင်ကြားပို့ချပေးလျက်ရှိ ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီးပေး နိုင်ရေး သင်တန်းမှ ရရှိလာသည့် အသိအမြင်နှင့် အတွေ့အကြုံများကို လက်တွေ့အသုံးချရန် လိုကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းခွင်ရှိလုပ်သားများကို လုပ်ငန်းခွင်ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်သည့် လုပ်ငန်းခွင်များ ဖော်ဆောင် နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဝင်များအတွက် သင်တန်းများကို လစဉ်တစ်လ လျှင် (၂)ကြိမ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

