အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဇူလိုင် ၃၀

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) တို့ပူးပေါင်း၍ Video Conference စနစ်ဖြင့် ကျင်းပပြု လုပ်သည့် ILO Convention -138 (အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်) ဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၀၉:၀၀နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးမှကိုယ်စားလှယ်များ၊ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာနည်းပညာရပ်လုပ်ငန်းအဖွဲ့ (TWG-CL) အဖွဲ့ဝင်များ၊ အလုပ်ရှင် အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ INGOs၊ NGOs အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် Youth Policy Affair Group မှကိုယ်စားလှယ်များပါဝင်တက် ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ၌ ILO Convention-138 အငယ်ဆုံးအသက် ပြဋ္ဌာန်းချက်နှင့်ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် အဆိုပါ ပြဋ္ဌာန်းချက်ကို အထောက်အကူပြုနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သည့်ပုဂ္ဂိုလ်များအားလုံးကို စွမ်းဆောင်ရည်မြှင့်တင်ပေးမှုနှင့် အသိပညာများ ဖြန့်ဝေ ပေးမည်ဟု နားလည်ထားပြီး လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ အငယ်ဆုံး အသက်ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ဝန်ကြီးဌာနမှတာဝန်ရှိသူများ ကိုယ်တိုင်အသေးစိတ်လေ့လာ ၍ အခြားနိုင်ငံများ၏ အတွေ့အကြုံများနှင့်မိမိတို့နိုင်ငံ၏ပကတိအခြေအနေများထင်ဟပ်စေရန် အကြိမ်ကြိမ်စဉ်းစားပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင်မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ ပြဋ္ဌာန်းချက်ကိုလက်မှတ်မရေးထိုးမီအချိန်တွင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီကို နိုင်ငံတော် ဒုတိယသမ္မတ(၁)ဦးစီး၍ ဗဟိုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ (၅) နှစ် စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် အစိုးရအနေဖြင့် အဓမ္မခိုင်းစေမှုနှင့် ကလေးအလုပ်သမားပပျောက်ရေးဆောင်ရွက် ချက်များသည် အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်များကို အထောက်အကူပြုသည့် လုပ်ငန်းရပ်များ ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO သို့ ၁၉၄၈ ခုနှစ် မှ စတင်၍ ဝင်ရောက်ခဲ့ပြီးလက်ရှိကာလတွင် ILO ပြဋ္ဌာန်းချက် ၁၈ ခုကို မြန်မာနိုင်ငံမှ လက်ခံ ကျင့်သုံးလျက်ရှိပြီးအဆိုပါ ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြည်တွင်း၌ ရှိသည့် အလုပ်သမားဥပဒေများကိုပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ILO ရုံး၏ အကြံပေးမှု များနှင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအဖွဲ့များ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပြီး အစားထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်တွင် မြန်မာနိုင်ငံအနေဖြင့် ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက် အမှတ်-၁၃၈ ကို လက်ခံကျင့်သုံးရန်စဉ်းစားခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေး၍သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်အား သက်ဆိုင် ရာဝန်ကြီးဌာနများမှ သဘောထားမှတ်ချက်များတောင်းခံပြီး အစိုးရအဖွဲ့ကိုတင်ပြ၍ ပြည်ထောင်စု လွှတ်တော်သို့တင်ပြပြီး လက်ခံကျင့်သုံးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ILO ညွှန်ကြားရေး မှူးချုပ်ထံ တင်ပြပြီးလာမည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် စတင်အာဏာ အသက်ဝင်မည် ဖြစ်ပါကြောင်း၊ ယခုကာလအတွင်း အဆိုပါပြဋ္ဌာန်းချက် နှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝန်ထမ်းများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား၊ အလုပ်ရှင်များအပါအဝင် ပြည်သူများ အား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများအား အသိပညာပေးလုပ်ငန်း နှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကိစ္စများအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်အတွက် ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ NGO၊ INGO၊ UN အဖွဲ့အစည်းများနှင့်ပူးပေါင်း ပြီး စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း၊ ဆောင်ရွက်ဆဲ ဖြစ်သော မြန်မာနိုင်ငံအမျိုးသားအဆင့် ကလေးအလုပ်သမားပပျောက်ရေးအား (၅)နှစ် စီမံချက် (၃) ကြိမ်ဖြင့် (၁၅) နှစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် ယခုပြဋ္ဌာန်းချက် အမှတ် – ၁၃၈ နှင့် ချိတ်ဆက်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊

Convention-138 ကိုလက်ခံကျင့်သုံးခြင်းအားဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် ကလေးအလုပ် သမားများအပါအဝင် နိုင်ငံသူနိုင်ငံသားများအတွက် အကျိုးကျေးဇူးများရရှိနိုင်သလို စိန်ခေါ်မှုများ လည်းရှိလာမည်ဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းချက်ကို လက်ခံကျင့်သုံးသောနိုင်ငံများသည် သတ်မှတ် ချက်များကိုလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းအမျိုးအစားများဖြစ် သည့် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ် စသည့်လုပ်ငန်းများတွင် အလုပ်သမား ခန့်အပ်မှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအားအသိပညာပေးပြဋ္ဌာန်းချက်နှင့် အတတ်နိုင်ဆုံး ကိုက်ညီအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ၊ မိသားစုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အပါအဝင်နယ်ပယ်အသီးသီးရှိလုပ်ငန်းများနှင့် သက်ဆိုင်မှုအားလေ့လာ သွားရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးရေးလုပ်ငန်းများနှင့် သင်တန်းများဖွင့်လှစ်ရန်လိုအပ်ပြီး ယခုဆွေးနွေးပွဲမှ ပြည်ထောင်စုအစိုးရအဖွဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အပါအဝင် NGO၊ INGO၊ UNနှင့် ၊ အလုပ်ရှင်၊ အလုပ်သမားများအတွက် အကျိုးရှိပြီးရှေ့ဆက်လက် လုပ်ဆောင် ရမည့် လုပ်ငန်းများဖော်ထုတ်နိုင်ပြီး အသိအမြင်များ တိုးပွားလာမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ILO ရန်ကုန်ရုံးနှင့် ILO အာရှပစိဖိတ်ဒေသဆိုင်ရာရုံးခွဲမှ ပညာရှင်များက အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် – ၁၃၈ လိုက်နာကျင့်သုံးမှုနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသော သက်ဆိုင်ရာဥပဒေများ အား လေ့လာသုံးသပ်မှုအပေါ်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်သင့်သော အကြံပြုချက် များကိုအသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။