အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                စက်တင်ဘာ ၁၃

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်) အစည်းအဝေးခန်းမတွင်  အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင်နိုင်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုမည့် ကျောက်ကပ်သွေးသန့်စင်စက် နှင့် ရေသန့်စက်အတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်လက်ခံပြီး ကျောက်ကပ်သွေးသန့်စင်စက်နှင့် ရေသန့်စက်များ တပ်ဆင်ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမား နာတာရှည်ကျောက်ကပ်   ရောဂါလူနာများအတွက် ကျောက်ကပ်သွေးသန့်စင်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို အလုပ်သမား ဆေးရုံကြီး(မန္တလေး) တွင် ၂၉-၁၁-၂၀၂၃ ရက်နေ့နှင့် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)တွင်   ၂-၁-၂၀၂၄ ရက်နေ့တို့တွင် စတင်ဆောင်ရွက်ခဲ့ပြီး အလုပ်သမားဆေးရုံကြီး (ရန်ကုန်)တွင် ကျောက်ကပ် သွေးသန့်စင်စက်(၄)လုံးဖြင့် တစ်လပျှမ်းမျှလူနာဦးရေ (၂၆)ဦးနှင့် အကြိမ်ရေ(၁၃၀)ကြိမ် ကျောက် ကပ်သွေး သန့်စင်ဆောင်ရွက်လျက်ရှိရာ လူနာတစ်ဦးလျှင် တစ်ပတ်(၁)ကြိမ်သာ ကျောက်ကပ် သွေးသန့်စင်ပေးနိုင်သဖြင့် နာတာရှည်ကျောက်ကပ်ရောဂါများ ဖြစ်ပွားမှုမြင့်မားလာခြင်းကြောင့် အလုပ်သမားဆေးရုံ(ထန်းတပင်)တွင်  ကျောက်ကပ်သွေးသန့်စင်စက်နှင့် ရေသန့်စက်များ တပ် ဆင်၍ တိုးချဲ့ဝန်ဆောင်မှုပေးခြင်းဖြင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် အင်းစိန် မြို့နယ်တို့ရှိ စက်မှုဇုန်များမှ အာမခံအလုပ်သမားလူနာများအနေဖြင့် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)သို့ သွားရောက်ဆေးကုသရန် မလိုအပ်တော့ကြောင်း နှင့် အလုပ်သမားဆေးရုံ (ထန်းတပင်)တွင် အဆင်ပြေချောမွေ့စွာ ဆေးကုသမှု ခံယူနိုင်မည်ဖြစ်ပါသည်။

အလုပ်သမားဆေးရုံကြီး (ရန်ကုန်)တွင် ဝန်ဆောင်မှုစတင်ဆောင်ရွက်ချိန်မှ ၈/၂၀၂၆ လထိ အာမခံအလုပ်သမားလူနာ ၅၃၀ ဦး၊ ဆေးကြောသည့်အကြိမ်ရေ ၃,၀၄၅ ကြိမ်နှင့် အလုပ်သမား ဆေးရုံကြီး (မန္တလေး)တွင် အာမခံအလုပ်သမားလူနာ ၃၀၈ ဦး၊ ဆေးကြောသည့်အကြိမ်ရေ ၂,၅၄၂ ကြိမ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ လုပ်သားအင်အား(၄,၄၄၃)ဦးဖြင့် လုပ်ကိုင်နေသည့် Wan He Garment Factory Co., Ltd(သိုးမွှေးစက်ရုံ) သို့ သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၊ အလုပ် သမားများနှင့်တွေ့ဆုံ၍ အထည်အော်ဒါနည်းပါးမှုကြောင့် အင်အားလျော့ချခဲ့သည့် အလုပ်သမား (၁၉၄)ဦးကို အနီးပတ်ဝန်းကျင်ရှိ စက်ရုံများတွင် အခက်အခဲမရှိ အလုပ်ရရှိစေရေး ဆောင်ရွက်ပေး ပြီးဖြစ်ကြောင်း၊ စက်ရုံမှ H&M Brand အော်ဒါအတွက် ချုပ်လုပ်ပြီးပါကလည်း အထည်အော်ဒါ ရရှိ ထားသည့် နိုင်ငံတကာ Brand တံဆိပ်များဖြစ်သော LCW Brand နှင့် Teddy Brand အထည် အော်ဒါများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သဖြင့် စက်ရုံရပ်နားမည့် အစီအစဉ် မရှိသေးကြောင်း၊ မှော်ဘီမြို့နယ် အတွင်းရှိ အခြားအထည်ချုပ်စက်ရုံ(၁၄)ရုံတွင် အလုပ်ခေါ်စာအရ လုပ်သား အင်အား(၃,၀၀၀)ကျော် လိုအပ်နေပြီး စက်ရုံများမှ အလုပ်ပိတ်သိမ်းမှုများဖြစ်ပေါ်လာပါက အလုပ် သမားများ အလုပ်လက်မဲ့ မဖြစ်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အလုပ် သမား ဥပဒေပါ ရပိုင်ခွင့်များ ဆုံးရှုံးမှု မရှိစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ကူညီချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအား တိုးတက်စေရန်  အလုပ်ရှင်၊ အလုပ်သမားအကြား ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုများ မရှိ မဖြစ်လိုအပ်သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။